|
General Section -
စာပေ
|
|
Written by ဒေါက်တာလွန်းဆွေ
|
|
Sunday, 28 August 2011 13:13 |
အရက်သမား ပထွေးက ပြောတယ် အလက်ဇန္ဒားဆိုးပေ (ခေတ္တ-ရွှေတြိဂံ)
အရက်သမား ပထွေးက ပြောတယ် သူ အရက်ဖြတ်လိုက်ပါပြီ … တဲ့ သူ လူသစ်စိတ်သစ်ဖြစ်နေပါပြီ … တဲ့ ပြောနေရင်း … (‘ဂေ့’ … ‘ဂေ့’ နဲ့ …) လေချဉ်တွေ တက်နေတယ်။ အရက်သမား ပထွေးက ပြောပြန်တယ် အိမ်ပေါ်က ဆင်းသွားကြတဲ့ အဝေးရောက် သားသမီးတွေ ပြန်လာကြပါ … တဲ့၊ (သူ အရက်သောက်ဖို့အရေး သူခိုးဈေးနဲ့ ရောင်းစားလို့ ဘာဆိုဘာမှမကျန်တော့တဲ့ …) ပြိုလုဆဲ အိမ်အို၊ အိမ်ဟောင်းလောင်းကြီးကို တို့တွေ ၀ိုင်းပြင်ကြရအောင် …တဲ့၊ စိတ်ဆိုးပြီး အိမ်ပေါ်က ဆင်းသွားခဲ့ကြတဲ့ မင်းတို့တတွေကို အပြစ်မဆိုပါဘူး … တဲ့၊ နောင်တရ ကျွတ်တန်းဝင်တဲ့ လေသံနဲ့ စကားကြုံ ဖိတ်ခေါ်နေတယ်၊ (ဒါပေမယ့် …) ပုဆိုးကွင်းသိုင်းမပျက်သေး လက်ထဲမှာ မူးရင် ရမ်းကားနေကျ တုတ်က ရှိနေသေး …။ အဲသလို ၂၃ နှစ်စာ သံဝေဂတွေကို တတွတ်တွတ် ရေရွတ်နေတဲ့ အာလေးလျှာလေး ပထွေးရဲ့ နံဘေးမှာတော့ … အမေက (မျက်လုံးတွေ ပိတ်မတတ် …) မျက်နှာတွေ ဖူးရောင်နေဆဲ၊ အစ်ကို အစ်မ ညီ ညီမတချို့က မှောင်ကြီးမဲမဲ အိမ်ထောင့်ထဲမှာ ပါးစပ်ကို အ၀တ်စည်းပြီး ကြိုးတုပ်ခံနေကြရဆဲ၊ ခြံစည်းရိုးနားမှာ ဆော့ကစားနေတဲ့ ညီအစ်ကိုတွေကို စိတ်မထင်ရင် မထင်သလို ပုလင်းခွံနဲ့ လှမ်းလှမ်းပစ်နေဆဲ။ ဘာတွေကို ဘယ်လိုယုံကြည်ရမလဲတော့မသိ အရက်သမား ပထွေးက ပြောနေတယ် မင်းတို့ ပြန်လာကြပါ … တဲ့။ ။ အလက်ဇန္ဒားဆိုးပေ (ခေတ္တ-ရွှေတြိဂံ)
|
Add comment
တိုက်ပွဲဝင်နေသော DKBA ၊ KNU ရဲဘော်များ နှင့် စစ်ပြေးဒုက္ခသယ်များကို ထောက်ပံ့ ကူညီလိုပါက အောက်ပါ အကောင့်သို့ ငွေလွဲခြင်းဖြင့် ထောက်ပံ့ပေးနိုင်ပါတယ်။
Below is the bank information for the org. please let us know when you transfer.
This e-mail address is being protected from spambots. You need JavaScript enabled to view it
Bank name - Bangkok Bank
Branch - Mae Sot
Account name - LOI WA -WAPO
Account No. - 713 – 0 – 04465 - 9
Swift code - BKKBTHBK
Bank address - 127/8, Prasawhiti road
This e-mail address is being protected from spambots. You need JavaScript enabled to view it
E-mail:
jjipo@hotmail.com
kcboerc@gmail.com
Phone:
Mahn Mahn +66 879438750
Naw Hsa Moo +66 817408119
Naw Paw Gay +66 872113035
Comments
RSS feed for comments to this post