Karen United

စစ်အာဏာရှင် စနစ်ကျဆုံးရမည်

Home ဗဟုသုတ ကြယ်တစ်စင်းကိုစင်္ကြာဝဌာတွင်းနက်က၀ါးမျိုဖျက်ဆီး
ကြယ်တစ်စင်းကိုစင်္ကြာဝဌာတွင်းနက်က၀ါးမျိုဖျက်ဆီး PDF Print E-mail
User Rating: / 0
PoorBest 
General Section - ဗဟုသုတ
Written by Administrator   
Saturday, 18 June 2011 15:11

 

 

 

 

ကျယ်ပြန့်လှသော အာကာသစင်္ကြာဝဌာကြီးတွင် Black Hole  ဟုခေါ်သောတွင်းနက်ကြီးများရှိပြီး

၎င်းတွင်းနက်ကြီး၏  ဆွဲအားသည်  ကြီးမားလွန်းသဖြင့်  အလင်းရောင်ကိုပင်စုပ်ယူနိုင်ပါသည်။

စတယ်လာ Stellar ဟုခေါ် သော အာကာသတွင်းနက်ကြီးများသည် နေ၏ထုထည်ထက် အဆ

၂၀ ကျော်ထိရှိပြီး အလွန့်အလွန်ကြီးမား သော အကာသတွင်းနက်ကြီး Supermassive များသည်

နေ၏ထုထည်ထက် အဆပေါင်း ၁ သန်းကျော် အရွယ်ထိရှိပါသည်။ အလင်းမထွက်နိုင်အောင်

ဆွဲအားပြင်းထန်သဖြင့် ၄င်းတွင်းနက်ကြီးများကို သာမန်မျက်စိ ဖြင့်မမြင်နိုင်သော်လည်း ၄င်း

တွင်းနက်နားတွင်ရှိသော ကြယ်များမှဖျာထွက်သော် ဂါမာအလင်းတန်း (Gama Rays) ၊

ဓါတ်မှန်အလင်းတန်း (X-Ray)၊ ဆွဲအားသက်ရောက်မှု့နှင့် ကြယ်များ၏ဓါတ်ငွေ့တန်းများကို

သိပ္ပံပညာ ရှင်များ လေ့လာရာမှ တွင်းနက်ကြီးရှိကြောင်းကို သိလာရပါသည်။

 

ကြယ်များသည် တွင်းနက်ကြီးများနှင့် နီးလာသောအခါ စွမ်းအားမြှင့် အလင်းတန်းများထွက်လာပါသည်။

၎င်းအ လင်းတန်းများကို သာမာန်မျက်စိများဖြင့် မမြင်နိုင်သောလည်း အာကာသဂြိုလ်တုမှ အားကောင်းသော

တယ်လီစကုတ်များ သုံးပြီးမြင်တွေ့နိုင်ပါသည်။

 

မတ်လ ၂၈ ရက်တွင် နာဆာ၏ ကြယ်တာရာပေါက်ကွဲခြင်းကို    လေ့လာသော တယ်လီစကုတ်မှတဆင့်  

အင်အားကြီး မားသော ဓါတ်ရောင်ခြည် ( X-ray) ပေါက်ကွဲဖြာထွက်မှု့ကို   တွေ့ရှိရသဖြင့်ကမ္ဘာတ၀န်းမှ

အာကာသပညာရှင် များ     လေ့လာခဲ့ကြပါသည်။   ၂လ ကျော်သည့်တိုင်အောင် ၄င်းနေရာမှဓါတ် ရောင်

ခြည်ဖြာထွက်နေခဲ့ သဖြင့် တွင်း နက်ကြီးထဲသို့    နေနှင့်အလားတူသည့်    ကြယ်တစ်စင်း     ကျရောက်

ပေါက်ကွဲပျက်ဆီးသွားခြင်းကို တွေ့မြင်လိုက် ကြောင်း သဘောပေါက်ကြပါသည်။       အဆိုပါကြယ်သည်

တွင်းနက်ကြီး၏ဆွဲအားထဲသို့ရောက်ရှိသောအခါစက်ဝိုင်းပုံရှိခဲ့သော    ကြယ်သည်ပြင်းထန်ဆွဲအားကြောင့်

ဆလင်ဒါပုံစံလိုရှည်ထွက်လာပြီးနောက်ဆုံးအပိုင်းပိုင်းပြတ်ထွက်သွားပြီးပေါက်ကွဲခဲ့ပါသည်။  အဆိုပါနေရာ

သည် ကမ္ဘာမြေမှ အလင်းနှစ်သန်းပေါင်း ၄ ထောင်ကျော် အကွာအဝေးရှိပြီး ၄င်းကြယ်ပေါက်ကွဲခြင်းမျိုးကို

နောင်နှစ်ပေါင်း ၁သန်းကျော်သည်ထိ မြင်တွေ့နိုင်ရန် အခွင့်အ လမ်းမရှိ ကြောင်း အာကာသသိပ္ပံပညာရှင်

များကပြောပါသည်။ ဒိပြင်၎င်းပေါက်ကွဲခြင်းသည် သာမန်ကြယ်တာရာ ပေါက်ကွဲမှု့မျိုးနှင့်လုံးဝမတူကြောင်း

ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ဒေါက်တာဂျော့ရှုးယာဘလုန်း (Dr Joshua Bloom) ကပြောကြားခဲ့ပါသည်။

အာကာသစင်္ကြာဝဌာ နှင့် တွင်းနက်ကြီးဖြစ်ပေါ်လာပုံကို ယနေ့ထိသိပ္ပံပညာ ရှင်များနားမလည်သေးကြောင်း

ဝန်ခံခဲ့ပါသည်။

 

မြန်မာနိုင်ငံအစိုးရနေနှင့်လည်း  အာကာသ ကြယ်တာရာများကို စိတ်ဝင်စားကြပါသည်။  သို့သော်လည်း

စစ်အစိုးရ ၏စိတ်ဝင်စားမှု့သည် သိပ္ပံပညာ ကိုတန်ဖိုးထားခြင်းကြောင့်မဟုတ်ပါ။  အကုသိုလ်အရိပ်တစေ

ခြောက်ခြားခြင်းခံ နေရသောကြောင့်ပေ။    ဤတစ်ကြိမ် စင်္ကြ၀ဌာ၏   ပြင်းထန်သောထူးခြားချက်သည်

မင်းတြားကြီး၏ ယတြာလည်း ဆေးမမှီနိုင်ကြောင်းခန့်မှန်းမိပါသည်။

 

 

 

 




 

နိမိတ်လက္ခဏာ

နိဒါန်းမင်္ဂလာ၊စည်ထွန်းဖြာပိမ့်၊ ချုပ်ချာဧကရာဇ်၊ဘုန်းသစ်တတ်ဖြိုး၊စောသတိုးတို့၊
တန်ခိုးစည်းစိမ်၊ ရွှေအိမ်ရွှေနန်း၊ စံမြန်းစဉ်မှ၊ အနိစ္စသို့၊ ရောက်ရလိုသော်၊
ထင်ပေါ်နိမိတ်၊ အကြောင်းဟိတ်ကား။ အရိပ်ပြန်သွား၊ ဘုရားပုထိုး၊ တန်ခိုးရောင်ခြည်၊
ထွက်သည်ထင်မြင်၊ ကောင်းကင်ဝေမှိုင်း၊ မုန်တိုင်းလေပြင်း၊ နေနှစ်စင်းနှင့်၊
လမင်းတံခွန်၊ မိုးစွန်အလယ်၊ ရှစ်ဂြိုလ်ကြယ်လည်း၊ မီးနှယ်ခိုးပြ၊ ဗျဂ္ဃ စရိယာ၊
သီဟစာတုံ၊ နိယတုံမှီး၊ မြေကြီးငလျှင်၊ မြေပြင်အက်ကွဲ၊ တော်လဲဥက္ကာ၊ အညာရေစီး၊
နတ်သမီးကမ်းပြို၊ နေ့ကိုကြယ်မြင်၊ နန်းတွင်းပျားစွဲ၊ ပျံဝဲလင်းတ၊ နားကျနန်းဦး၊
ဘီလူးကိုယ်ထင်၊ အမြင်ပြသွား၊ သားတစ်သွေးခဲ၊ သဲသဲဖြိုးစွာ၊ မိုးရွာကျောက်ခဲ၊
တောင်ကွဲထက်ခြမ်း၊ ကမ်းကို လွှမ်းပြီး၊ ရေကြီးထူးဆန်း၊ မကန်းလိပ်ငါး၊
ကြီးမားရောက်လာ၊ အိမ်ရာခဲပစ်၊ မြစ်ရေကမ်းဖို့၊ တောင်ပို့ရွေ့တွား၊ နဂါးပေါ်ထွက်၊
ဒိန္နက်သင်္ကြန်၊ ကြယ်ပျံကြယ် ပျောက်၊ အောက်သို့ကြွေကျ၊ လကိုကြယ်ထွင်း၊
ကြယ်ချင်းထိခိုက်၊ ရှေး၌စဉ်လာ၊ ဖြစ်ဖူးရာကို၊ ရာဇ၀င်ကြောင်း၊ စာဟောင်းအ ထွက်၊
သီးကုံးမြွတ်သည်၊ လေ့ကျတ်မှတ်ကုန် ရာသတည်း။
ဟူ၍ မင်းပြောင်းမင်းလဲ ဖြစ်ပေါ်ခါနီးတွင် နိမိတ်လက္ခဏာများကို ရှေးပညာရှိကြီးများ
စပ်ဆိုသီကုံး ထားခဲ့ကြပါသည်၊

 

 

 Reference: NASA

                 Science Daily 

 

 

 

 

Last Updated ( Sunday, 19 June 2011 13:43 )
 

Add comment


Security code
Refresh

တိုက်ပွဲဝင်နေသော DKBA ၊ KNU  ရဲဘော်များ နှင့် စစ်ပြေးဒုက္ခသယ်များကို ထောက်ပံ့ ကူညီလိုပါက အောက်ပါ အကောင့်သို့ ငွေလွဲခြင်းဖြင့် ထောက်ပံ့ပေးနိုင်ပါတယ်။

Below is the bank information for the  org. please let us know when you transfer. 

This e-mail address is being protected from spambots. You need JavaScript enabled to view it

Bank name - Bangkok Bank

 

Branch - Mae Sot

 

Account name - LOI WA -WAPO

 

Account No.   - 713 – 0 – 04465 - 9

 

Swift code       - BKKBTHBK               

 

Bank address   - 127/8, Prasawhiti road

    This e-mail address is being protected from spambots. You need JavaScript enabled to view it

E-mail:

jjipo@hotmail.com

kcboerc@gmail.com

Phone: 

Mahn Mahn  +66 879438750

Naw Hsa Moo +66 817408119

Naw Paw Gay +66 872113035

 

စောဘဦးကြီး

ကရင် တစ်ယောက်မကျန်
ရန်ကုန်ဆင်းပြီး လည်စင်းမခံသ၍
ကရင်တော်လှန်ရေးဘယ်တော့မှ
မကျဆုံးဘူး

Karen Wikipedia

ရဲဘော်များကို ကူညီလိုပါက

Bank name - Bangkok Bank

 Branch - Mae Sot 

Account name - LOI WA -WAPO

Account No. 713 – 0 – 04465 - 9

 Swift code       - BKKBTHBK               

 Bank address   - 127/8, Prasawhiti road

For more information.

please contact

Mahn Mahn  +66 879438750

 

Naw Hsa Moo +66 817408119

Naw Paw Gay +66 872113035

Email - kcboerc@gmail.com


 

ဖူးကီးဒိုဧ။်တိုက်ပွဲဆောင်းပါးများ


 
ဖူးကီးဒိုဧ။်
 
 

Kawthoolei pool

၂၀၁၀ ရွေးကောက်ပွဲသည်
 

online ရှိနေသူများ

We have 42 guests online

ရဲဘော်များနှင့်ဆက်သွယ်ရန်

webmaster@karenunited.com

karenunited@gmail.com

pudoh1@gmail.com

 



 

 

cbox

Vinaora Visitors Counter

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday321
mod_vvisit_counterYesterday612
mod_vvisit_counterThis week933
mod_vvisit_counterThis month12541
mod_vvisit_counterAll967131

သိနေတယ်နော်