 မြေးဖြစ်သူ အတွက် ယူရို တစ်သိန်းခွဲ ကျော်တန်ကြေးရှိ မွေးနေ့ လက်ဆောင် 2003 Eurocopter EC 130 B4 အမျိုးအစား ရဟတ်ယာဉ် အား အဖိုးဖြစ်သူ ဗိုလ်ချုပ်မှုးကြီးက ပြင်သစ် နိုင်ငံမှ တိုက်ရိုက်မှာ ယူခဲ့သည် ဟိန်းခိုင်ထွန်း၊ ၊ဗိုလ်ချုပ်မှုးကြီး ဘ၀ ဖြင့် သေတစ်ပန် သက်တစ်ဆုံး အရိုး ထုတ်သွားမည် မြန်မာ စစ်ခေါင်းဆောင်၏မြေး နေရွှေသွေးအောင် (ခေါ်) ဖိုးလပြည့် မှာ သူ၏ အဖိုး ဖြစ်သူ က အာဏာလွှဲပေးရန် အကြောင်းဖန်လာ ပါလာ ပါက လည်းသူ့ အနေ ဖြင့်လွှဲပြောင်း လက်ခံ ရယူမည် မဟုတ်ကြောင်း ယခု သီတင်းပတ် အတွင်း က သူငယ်ချင်း ဖြစ်သူ များ အား သူ၏ ရဟတ်ယာဉ် မိတ်ဆက်ပွဲ အခမ်း အနား ကို မင်္ဂလာဒုံ လေယာဉ် ကွင်း တွင် ကျင်းပစဉ် အထက်ပါ အတိုင်း ပြောကြားခဲ့သည်။ အသက် ၇၈ နှစ် အရွယ်ရှိ သူ ဗိုလ်ချုပ်မှုး ကြီးသန်းရွှေ က အသက် ၂၀ အရွယ် အရွယ်မြေးအား အာ ဏာလွှဲပေး နိုင်သည် ဟု သတင်းများ ထွက်ပေါ်နေချိန် တွင် ဖိုးလပြည့် က ထို ကဲ့ သို့ ငြင်းဆန်ခဲ့ ခြင်း ဖြစ်သည်။  ရန်ကုန် မော်တော်ကား ပြပွဲ တစ်ခု တွင် ဖိုးလပြည့် အားတွေ့ ရစဉ် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း လက်ရှိ စစ်တပ် ရာထူး နှင့် အဆင့်မှ နှုတ်ထွက် သွားပြီ ဟု သတင်း ထွက်ပေါ်နေသည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေက မြေးဖြစ်သူ ဖိုးလပြည့် အသက် ၂၀ ပြည့်တွင် ယူရို ငွေ တစ်သိန်း ခွဲ ကျော်ခန့် တန်ကြေးရှိသည့် ပြင်သစ် နိုင်ငံလုပ် လေးယောက်စီး Eurocopter EC 130 အမျိုး အစား ကိုလက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ ရဟတ်ယာဉ် သစ်အား သူကိုယ်တိုင် သရုပ်ပြမောင်းနှင် ပြသသည့် ပွဲတွင် သူ့ အား ရဟတ်ယာဉ် မောင်း လေ့ကျင့်ပေးသည့် လေတပ် လေသူရဲ နှစ်ဦး ပါရှိ ပြီး သူ ၏ သူငယ်ချင်း အချို့ ကို လည်း အလှည့် ကျစီ နောက်ခုံ တွင် လိုက်ပါစီးနင်း စေသည် ဟု သိရသည်။ အသက် ၂၀ ကျော် အရွယ်ရှိ ဖိုးလပြည့် မှာ သူရထားသော အဖိုးဖြစ်သူ ၏ မွေးနေ့ လက်ဆောင်ဖြစ် သည့် ရဟတ်ယာဉ် သစ် မိတ်ဆက်ပွဲ တွင် သူ့ အနေဖြင့် မော်တော်ကား မောင်းခြင်း၊မော်တော် ဘုတ် မောင်းနှင် ခြင်း နှင့် ရဟတ်ယာဉ် မောင်းနှင်းခြင်းတို့ ကို သာစိတ်ဝင်စား ပြီး ရဟတ်ယာဉ် မောင်းနှင်မှု စွမ်းရည်ပြ ပြိုင်ပွဲ များ ကို ၀င်ခြင် သည် ဟု သိရသည်။ ဖိုးလပြည့် သည် ရဟတ်ယာဉ် ကို အတော်အသင့် မောင်းနှင် တတ် နေပြီး ယခု မွေးနေ့ လက်ဆောက်ရသည့် ရဟတ်ယာဉ်ဖြင့် စင်္ကာပူ အထိ မောင်းနှင် ခြင်သော် လည်း အဖိုးဖြစ်သူက ခွင့်မပြုဟု သိရသည်။  အဘွားဖြစ်သူ နှင့် အတူ ၎င်း သည် မော်တော်ကား မောင်းနှင်ခြင်းလောက် အာဏာကို မမက်မော ဟု လည်း ထိုနေ့ က ပြောကြားခဲ့သည်။ ဗိုလ်ချုပ်မှုးကြီး သန်းရွှေက မြေးဖြစ်သူ ဖိုးလပြည့်အတွက် ရဟတ်ယာဉ် မွေးနေ့ လက်ဆောင်ဝယ်ပေး သော် လည်း ရန်ကုန်မြို့ နေ ပြည်သူ အများ စု မှ ဘတ်(စ)ကား တိုးစီးရဆဲ ဖြစ်သည်။ |